ဘုရားအလောင်းတို့ မဖြစ်နိုင်တဲ့ အဘဗ္ဗဋ္ဌာန ၁၈-ပါး
(၁) အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့ဇစ္စန္ဓ မဖြစ်နိုင်ဘူး၊
(၂) အမိဝမ်းတွင်းက နားပင်းလာတဲ့ဇစ္စဗဓိရ မဖြစ်နိုင်ဘူး၊
(၃) ရူးသွပ်သောသူ မဖြစ်နိုင်ဘူး၊
(၄) စကားမပြောတက်သော သူအ မဖြစ်နိုင်ဘူး၊
(၅) ခြေလက်ဆွံ့သူ မဖြစ်နိုင်ဘူး၊
(၆) လူရိုင်း မဖြစ်နိုင်ဘူး၊
(၇) ကျွန်မဝမ်းမှာ ပဋိသန္ဓေ မနေနိုင်ဘူး၊
(၈) နိယတ မိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်ဘူး၊
(၉) လိမ် မပြောင်းလွဲနိုင်ဘူး၊
(၁၀) အနန္တရိယ ကံငါးပါးကို မကျူးလွန်နိုင်ဘူး၊
(၁၁) နူသောသူ မဖြစ်နိုင်ဘူး၊
(၁၂) တိရစ္ဆာန်ဖြစ်သော်လည်း ငုံးအောက်ငယ်တဲ့တိရစ္ဆာန် မဖြစ်နိုင်ဘူး၊
(၁၃) မစားမသောကျရလို့ အမွဲ ဆာလောငျ မှတျသိပျရတဲ့ ခုပ်ပိပါသိကပွိတ်တာမြိုး၊ခန်ဓာကိုယျ အမွဲမီးလောငျနလေို့ အပူဒဏျခံနတေဲ့ နိဇ်ဈာမတဏှိက ပွိတ်တာမြိုး၊ခံတှငျး အပျနဖားလောကျနဲ့ ကိုယျခန်ဓာ သုံးဂါဝုတျလောကျရှိတဲ့ ကာလကိဉ်စိကအသုရာမြိုး မဖွစျနိုငျဘူး၊
(၁၄)အဝီစိငရဲနှင့် လောကန္တရိငရဲမှာ မဖြစ်နိုင်ဘူး၊
(၁၅)ကာမဝစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါဝါသဗြဟ္မာမဖြစ်နိုင်ဘူး၊
(၁၆)ရူပဝါစရဘုံမှာ အသညသတ်ဗြဟ္မာနှင့် သုဒ္ဓါသဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၇)အရူပဗြဟ္မာ မဖြစ်နိုင်ဘူး၊
(၁၈)သည် စကြာဝဠာတစ်မှတစ်ပါး အခြားစကြဝဠာမှာ မဖြစ်နိုင်ဘူး။သည် ၁၈-ပါးသောဋ္ဌာနဟာနိယတဗျာဒိတ်ရတဲ့ ရင့်ကျက်သော ဘုရားအလောင်းများမဖြစ်နိုင်တဲ့ ဋ္ဌာနများ ဖြစ်ကြတယ်၊ သည် ၁၈-ဋ္ဌာန အနက်အမှတ်(၉)အရ(နဿ လိင်္ဂ ံ ပရိဝတ္တလိ) လိမ်မပြောင်းလွဲနိုင်ဘူးဆိုတာပါတယ်ကွယ့်၊ သုမေဓာရှင်ရသေ့ နိယတဗျာဒိတ် ခံယူတော်မူစဉ်က (ပုရိသဘာဝ) ယောကျ်ားဘဝဖြစ်တယ်၊အဲသည် ယောကျ်ားဘဝဟာ ဗုဒ္ဓဘုရားဖြစ်သည့်တိုင်အောင် မပြောင်းလဲနိုင်ဘူး။
အကျဉ်းချုပ်ပြီး ဖြေရလျှင် ဂေါတမဘုရားအလောင်းဟာ အလွန်နုတဲ့ မနောပဏိဓိခေတ်,ဝါစာပဏိဓိခေတ်မှာ မိန်းမဖြစ်ခဲ့ဖူးပါတယ်၊ သိဒ္ဓတ္ထတေလ ဒါယိကာမင်းသမီးဟာ ဂေါတမဘုရား အလောင်းပါပဲ၊မိန်းမဘဝပေါင်း ဘယ်မျှ ဖြစ်တယ်ဆိုတာ အသေအချာ ကျန်းညွှန်းချက် မရှိပါဘူး၊ နိယတဗျာဒိတ်ရပြီးဂေါတမဘုရား ဖြစ်သည့်တိုင်အောင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်းမှာ ဘုရားအလောင်းတော်ဟာယောကျ်ားဘဝမှ ပြောင်းလဲခြင်း မရှိပါဘူး။
– နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး)ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ
အတွဲ(၂) (စာမျက်နှာ ၆၅ – ၆၈ ) မှ ကောက်နုတ်ပူဇော်ပါသည်။