သက်မဲ့ ဥစ္စာတွေပေါ်မှာ မုန်းတီးမှုဆိုတာလည်း လူ့ရဲ့စိတ်ထဲမှာ တစ်ခါတစ်ရံ ပေါ်လာတက်သေးတယ်။
ဥပမာ- သစ်ပင်ကြီးက ဒီနားလေးမှာရှုပ်နေတယ်။ အရွက်တွေကလည်း ခဏခဏ ကြွေကျလို့ တံမျက်စည်းနဲ့ ခဏခဏလှည်းရလို့ အဲဒီသစ်ပင်ကြီးကို မုန်းတယ်။
အဒီအခါ မြတ်စွာဘုရားက —
“ဓာတု မနသိကာရ” တဲ့ ဓာတ်သဘောတွေကို တွေးကြည့်လိုက်ပါတဲ့။
“မင်းမုန်းတာဟာ ပထဝီဓာတ်ကို မုန်းတာလား၊ အာပေါဓာတ်ကို မုန်းတာလား၊ တေဇောဓာတ်ကိုမုန်းတာလား “ စသဖြင့် ကိုယ့်ရဲ့အမုန်းရဲ့ တည်ရာကို သေသေချာချာ ရှာလိုက်တဲ့အခါကျတော့ အမုန်းတရားသည် တည်ရာမရှိဘဲနဲ့ ပျောက်လွင့်သွားနိုင်ပါတယ်။
လက်တွေ့စမ်းကြည့်ပေါ့နော်။
သက်မဲ့တွေအပေါ်မှာ အမုန်းစိတ်လေးတွေနဲ့ အတွေးဝင်လာလို့ရှိရင် အဲဒီနည်းနဲ့ ဖြေရှင်းပါတဲ့။
ဒေါက်တာနန္ဒမာလာဘိဝံသ