ဒေါက်တာနန္ဒမာလာဘိဝံသ: ဝေဖန်ခြင်း ချီးမွမ်းခြင်း
ကိုယ်နဲ့ မဆိုင်တာဆိုရင် မဝေဖန်မိဖို့ ၊မပြောမိဖို့ ကိုယ့်စိတ်ကို သတိထား။
သူတပါးရဲ့ မသင့်လျော်တဲ့ ကိစ္စတွေ ဝေဖန်မနေနဲ့၊မလျော်ညီတဲ့ ကိစ္စတွေ မဝေဖန်နဲ့။
လုပ်တာ၊ မလုပ်တာတွေ ဝေဖန်မနေနဲ့ ဒီလိုဆိုတယ်နော်။
ဝေဖန်ပြီး ပြောလိုက်မယ်ဆိုရင် ကိုယ့်မှာ အကုသိုလ် ဖြစ်သွားနိုင်တယ် ဒီလိုဆိုလိုတယ်။
ကိုယ့်ဟာကိုယ်ပဲ ကြည့်၊ လူတွေက သူများဝေဖန် လိုက်ရင် သူများဝေဖန်တဲ့ စိတ်ကိုတော့ ကောင်းတဲ့ စိတ်လို့ သွားထင်နေတာ။
အဲဒါက မကောင်းတဲ့ စိတ်ဖြစ်သွားတယ်။
ဒါလေးကို သတိထားဖို့ လိုတယ်နော် ၊အကုသိုလ်ဆိုတာ လွယ်လွယ်လေးနဲ့ ဖြစ်တယ်။
ကြည့် -မချီးမွမ်းသင့်တဲ့ လူကို ချီးမွမ်းရင်လည်းအကုသိုလ်ပဲ၊ ချီးမွမ်းသင့်တဲ့ လူကို ကဲ့ရဲ့ရင်လည်း အကုသိုလ်ပဲ။
ဒီနှစ်ခုက မြတ်စွာဘုရားဟောထားတဲ့ ဒေသနာတော်တွေထဲမှာ ရှိတယ်။
ကောကာလိကသုတ် အလွန်သတိထားရမဲ့ ကိစ္စတွေပေါ့။
မချီးမွမ်းသင့်တဲ့ လူသွား ချီးမွမ်းရင် အကုသိုလ်ဖြစ်တယ်။
ချီးမွမ်းသင့်တဲ့ လူသွား ကဲ့ရဲ့မိရင်လည်း အကုသိုလ်ဖြစ်တယ်လို့ ဒီလိုလုပ်မိလို့ရှိရင် နှုတ်ကို အကြောင်း ပြုပြီးရင် လူတွေဟာ ဒုက္ခရောက်တတ်တယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ