သက္ကာယဒိဋ္ဌိဟူသည်
အမှားကြာ အမှန်ဖြစ် အများညီ ဤ ကို ကျွဲ ဖတ်ကြတာ လူ့သဘာဝဖြစ်ပါတယ်။
လူအများစုက ဆင်ခြင်တွေးတောနိုင်တဲ့စွမ်းရည်တွေ အားနည်းတတ်ကြပါတယ်။ အဲဒါကြောင့် အများကယုံကြည်တဲ့အရာတွေကို မှားတယ် မှန်တယ်ဆိုပြီး ဘာမှ ဝေဖန်မနေတော့ဘဲ လက်ခံယုံကြည်တတ်ကြပါတယ်။
တရားရှာတဲ့သူတွေရဲ့ ကြားထဲမှာ သက္ကာယဒိဋ္ဌိနဲ့ပတ်သက်ပြီး မှားယွင်းစွာ ဟောပြော ရေးသားနေကြတာ ကြာနေပြီ ဖြစ်ပါတယ်။လူအများစုကတော့ မှားတယ်မှန်တယ် ဘာမှဝေဖန်မနေတော့ဘဲယုံကြည် လက်ခံနေကြတယ်။ဒါ့ကြောင့် ဓမ္မအမှန်ဟာ တ ဖြည်းဖြည်းပျောက်ကွယ်ဖို နီးစပ်လာပါတယ်။ ဒီ ကြားထဲ ဓါတ်တော်ကျ ရဟန္တာတွေကပါ အမှားတွေကောက်ဟောလိုက်ကြတော့ ပိုပြီးဆိုးဝါးသွားပါတယ်။ ဘုရားဟောထက် ဓါတ်တော်ကျရဟန္တာဟောတဲ့တရားကိုသာပိုပြီး ယုံကြည်ကြတာမို့ အခြေ အနေတွေက ပိုပြီးရုပ်ထွေးကုန်ပါတယ်။ဘယ်လိုပင်အမှန်ကို ပြောပါစေ အမှားကိုသာ ဖက်တွယ်ကာယုံကြည်နေကြပါတော့တယ်။
တကယ်တော့ သက္ကာယဒိဋ္ဌိဆိုတာ မာဂဓလူမျိုးတွေရဲ့ ဘာသာစကားဖြစ်ပါတယ်။ဒီနေ့ ဒီအချိန်မှာတော့ မာဂဓလူမျိုးဆိုတာ ကမ္ဘာပေါ်မှာ မရှိတော့သလိုမာဂဓဘာသာစကားကိုပြောတဲ့ လူမျိုးစုတွေလည်း ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။ဒီနေ့အချိန်မှာ မာဂဓလို့ခေါ်တဲ့ပါဠိတော်ကို ဗုဒ္ဓဘာသာဝင်တွေ ဖတ်ခွင့် လေ့ လာခွင့်ရနေတာဟာ အရှင်မဟာဗုဒ္ဓဃောသက သီဟဠ ဘာသာကနေ မာဂဓဘာသာကို ဘာသာပြန်ပေးခဲ့လို့ဖြစ်ပါတယ်။
ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး မကြာခင်နှစ်တွေမှာဘဲ အဇာတ သတ်က ဝေသာလီကို မာဂဓအင်ပါယာထဲသိမ်းထည့်လိုက်ပါတယ်။နောက်ပိုင်း မောရိယအင်ပါယာ သုင်္ဂအင်ပါယာခေတ်တွေမှာ လူမျိးစုတွေ သွေးနှောလိုက်တာကြောင့် မာဂဓလူမျိုးတွေနဲ့ဘာသာစကားဟာ ပျောက်ကွယ်သွားရတယ်လို့ယုံကြည်ရပါတယ်။
ဒါ့ကြောင့် သက္ကာယဒိဋ္ဌိရဲ့ မူလရင်းမြစ်ဟာ မာဂဓဘာသာစကားဆိုတာကို ရှေးဦးစွာနားလည်ဖို့ လိုပါတယ်။
သက္ကာယဒိဋ္ဌိဆိုတာ သ + ကာယ + ဒိဋ္ဌိ ဆိုပြီး စကား၃စုကို သန္ဓိကျမ်းအားဖြင့်ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ကာယ ဆိုတာ ခန္ဓာ၅ပါးကိုဆိုလိုပြီး “သ” ဆိုတာကတော့ အဲဒီခန္ဓာ၅ပါးရဲ့တည်ရှိနေမူကို ဆိုလိုပါတယ်။ ဒိဋ္ဌိဆိုတာကတော့ အဲဒီ ခန္ဓာ၅ပါးအပေါ်မှာ အသိအမြင်မှား အယူမှားတာကိုဆိုလိုပါတယ်။
ဒါ့ကြောင့် သက္ကာဒိဋ္ဌိဆိုတာ ပရမတ္ထအားဖြင့် ထင် ရှားရှိတဲ့ခန္ဓာ၅ပါးကို အမြင်မှား အသိမှား အယူမှားတယ်လို့ ဆိုလိုတာပါ။
ခန္ဓာ ၅ပါးအပေါ်မှာ ဘယ်လိုအမြင်မှား အသိမှားလို့ သက္ကာယဒိဋ္ဌိဖြစ်ရသလဲဆိုတာ လေ့လာဖို့လိုပါတယ်။
ဦးစွာ မြတ်ဗုဒ္ဓရှိခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၇၀၀ ခန့် အိန္ဒိယရဲ့ လူ့ယဉ်ကျေးမူကို နားလည်ဖို့လိုပါတယ်။
အိန္ဒိယမြောက်ပိုင်းမှာ မူလရှိနေခဲ့တဲ့ ဒြာဗီဒီယံတွေကို တိုက်ထုတ်ပြီး အာရီယံတွေက Bc 15 ရာစုလောက်ကတည်း တဖြေးဖြေးမြို့ရွာတွေတည် ဆောက်ပြီး နေလာကြပါတယ်။
အဲဒီအာရီယတွေဟာ စစ်နိုင်တဲ့သူတွေမို့ ဘာသာရေးခေါင်းဆောင်တွေက ဗြဟ္မဏ ။ နိုင်ငံရေးသမားတွေက ခတ္တိယ။ လူလတ်တန်းစားကုန်သည်ပွဲစားတွေက ဝဿ။ အောက်ခြေလူတန်းစားတွေက သုဒ္ဓ ဆိုပြီး လူတန်းစားလေးရပ်ကို သတ်မှတ်ပါတယ်။
လူတန်းစား လေးရပ်လုံးက သူ့ရဲ့မျိုးရိုးဆိုင်ရာဇာတ်ဝါဒကို လက်ခံဖို့အတွက် ဗြဟ္မဏရဲ့ ဖန်ဆင်းမူကို ဟောပြောကြပါတယ်။
ဗြဟ္မဏတွေဟာ ဗြဟ္မာရဲ့ ခံတွင်းကဖန်ဆင်းလို့ မြင့်မြတ်တာကြောင့် အပူဇော်ခံ။ ခတ္တိယတွေက ဗြဟ္မာရဲ့လက်မောင်းကဖန်ဆင်းတာမို့ လက်ရုံးအားကိုး နိုင်ငံအုပ်ချုပ်။ ဝဿတွေက ဗြဟ္မာရဲ့ဝမ်းဗိုက်ကဖန်ဆင်းတာမို့ ဝမ်းရေးအတွက် လယ်ယာ နဲ့ ကုန် သည်ပွဲစားလုပ်။ သုဒ္ဓတွေက ဗြဟ္မာရဲ့ခြေကနေဖန်ဆင်းတာမို့ အောက်ခြေသိမ်းအလုပ်ကို လုပ်ဆိုပြီး ဇာတ်နဲ့ခွဲခြားပြီး လူတန်းစားတာဝန်အသီးသီးကို ခွဲခြားထားပါတယ်၊
စစ်ရုံးပြီး မပြေးနိုင်တဲ့ ဒြာဗီဒီယံတွေကိုတော့ စဏ္ဍာလလို့ နာမည်တပ်ပြီး မထိ မတွေ့ရဆိုတဲ့ ဥပဒေနဲ့သွေးမနှောဖို့တားဆီးထားလိုက်ပါတယ်။
ဒီဇာတ်ဝါဒနဲ့ဗြဟ္မာယုံကြည်မူဟာ သိဒ္ဓတ္ထမင်းသား မွေးဖွားလာတဲ့ Bc 6 ရာစုလောက်မှာ ခိုင်ခိုင်မာမာနဲ့စနစ်တကျတည်ရှိနေခဲ့ပြီဖြစ်ပါတယ်။
အစတုန်းက ဗြဟ္မဏတွေရဲ့ အထက်ဆုံးအလွှာကအခွင့်ထူးခံ ဖြစ်နေတာကို ခတ္တိယတွေက သိပ်ပြီး အပြစ်မမြင်ကြပါဘူး။ နောက်ပိုင်းလူထုကိုသြဇာညောင်းတဲ့ဘာသာရေးသမားဗြဟ္မဏတွေဟာ နိုင်ငံ ရေးနယ်ပယ်မှာပါခြေရုပ်လာကြလို့ ခတ္တိယတွေက သိပ်အမြင်မကြည်တော့တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဗြဟ္မဏတွေရဲ့ အပေါ်ဆုံးကတည်ရှိနေမူကို တွန်း လှန် လိုတဲ့ ခတ္တိယခေါင်းဆောင်တွေတဖြေးဖြေးများပြားလာပါတယ်။
အဲဒီအထဲက ထင်ရှာင်းတဲ့သူတွေက ဂေါတမဗုဒ္ဓ နဲ့ ဝဒ္ဓမာနလို့ခေါ်တဲ့ နိဂတ္ထနာဋပုတ္တ (ဂျိန်ဘုရား) တို့က ထင်ရှားပါတယ်။
အိန္ဒိယလူထုအားလုံးနီးနီးက ဗြဟ္မဏတွေရဲ့ ဇာတ်ဝါဒနဲ့ဗြဟ္မာရဲ့ဖန်ဆင်းမူကိုယုံကြည်နေကြပါတယ်။
ဒါ့ကြောင့် မြတ်ဗုဒ္ဓဟာ ၄၅ နှစ်တာကလာပတ်လုံး ဇာတ်ခွဲခြားမူဝါဒနဲ့ဗြဟ္မာရဲ့ ဖန်ဆင်းမူဆိုတာ မှား ယွင်းနေကြောင့် ကြိမ်ဖန်များစွာ ဟောပြောခဲ့ရပါတယ်။ ပိဋိကတ်တော်ထဲက ထင်ထင်ရှားစွာ မှတ်တမ်းတင်မူအချို့ကို ထုတ်နုတ်ပြရရင် ဗကဗြဟ္မရဲ့ ဖန်ဆင်းရှင်ကို ယုံကြည်ပုံ။ သစ္စကပရိဗိုရ်ရဲ့ အတ္တအပေါ်ယုံကြည်ပုံ။ ပါယာသိမြို့စားရဲ့ အတ္တအပေါ်တွေး ခေါ်ယူဆနေပုံ။သာတိရဟန်းရဲ့ဝိဥာဏ်ကောင်ဘဝကူးပြောင်နေတယ်လို့ ယဆပုံ။ မက္ခလိဂေါသာလ၏ သံသရာနဲ့အတ္တကျင်လည်နေပုံစတဲ့ယုံကြည်နေမူတွေကိုထောက်ဆပြီး ဗြဟ္မာကဖန်ဆင်းတယ်ဆိုတဲ့ ဝါဒဟာ ဘယ်လောက်အထိ ခိုင်မာအားကောင်းနေသလဲဆိုတာ စဉ်းစားဆင်ခြင်နိုင်ပါတယ်။ အဲဒီ ဗြဟ္မာကဖန်ဆင်းတယ်ဆိုတဲ့ ပရမအတ္တ နဲ့ ဇီဝအတ္တသဘော အသက်ကောင် ဝိဥာဉ်ကောင်ဟာ မရှိဘူး။ ခန္ဓာ ၅ပါးအပြင် အခြားဘယ်အရာမှ မရှိဘူး။
အကယ်၍ ခန္ဓာ ၅ပါးအပြင် အဲဒီ ပရမအတ္တ ဇီဝအတ္တသဘော အသက်ကောင် ဝိဥာဉ်လိုမျိုးယုံကြည်နေမူဟာ အသိမှားဖြစ်တယ်။ အမြင်မှားမူလည်း ဟုတ်တယ်။ အယူလွဲမူလည်းဟုတ်လို့ ခန္ဓာ၅ပါး၌ မှားယွင်းစွာသိမြင်မူ သက္ကာယဒိဋ္ဌိဖြစ်တယ်လို့ မြတ်ဗုဒ္ဓဟာ ကြိမ်ဖန်များစွာ ဖြေရှင်းဟောကြားခဲ့ပါတယ်။
ဒီနေ့ခေတ် လူအချို့ ယုံကြည်နေတဲ့ ယောက်ျား မိန်းမဆိုတာ သမ္မုတိသစ္စာပေမယ့် မရှိတဲ့ပညတ်တရားသာဖြစ်တယ်။အဲဒီမရှိတဲ့ပညတ်ကို ရှိတယ်လို့ ယုံကြည်နေတာဟာ သက္ကာယဒိဋ္ဌိ ဖြစ်တယ်ဆိုတဲ့ ခပ်ကြောင်ကြောင် ယုံကြည်မူတွေဟာ ပိဋကတ်၃ပုံနှင့်တကွ ဘယ်အဋ္ဌကထာ ဋီကာတွေမှာမှ ဖော်ပြမထားပါဘူး။
🙏🌺 အရှင်ဂါရဝ 🌺🙏🙏