ဦးသုမင်္ဂလ
Subscribe Subscribed 0ဦးသုမင်္ဂလ သည် မြန်မာနိုင်ငံသား ရဟန်းတစ်ပါးဖြစ်၍ ဒယ်အိုးဆရာတော် အမည်ဖြင့်လည်း သိရှိကြသည်။ ဦးသုမင်္ဂလ အလောင်းလျာကို မိဘများဖြစ်သည့် ဦးသက်ထွန်းနှင့် ဒေါ်သန်းတို့မှ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ထင်းရှုးခြံရပ်တွင် ၁၉၆၇ ဇွန်လ ၁၆ တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းမောင်နှမလေးဦးအနက် အကြီးဆုံးဖြစ်သည်။
မိုးကုတ်မြို. အောင်နန်းရပ် အောင်နန်းကျောင်း အ.မ.က(၃၀) တွင် သူငယ်တန်း မှ စတုတ္ထတန်းထိ တက်ရောက်ခဲ့ပြီး မိုးကုတ်မြို့ အ.ထ.က (၁)၌ (၅)တန်းမှ (၁၀)တန်းအထိ ပညာဆည်းပူးခဲ့သည်။ မန္တလေးတက္ကသိုလ်၌ ဓာတုဗေဒအထူးပြုဘာသာရပ်ဖြင့် သိပ္ပံဘွဲ.ရသည်။
၁၃၅၆ ခုနှစ် ကဆုန်လပြည့်နေ့တွင် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မိုးကုတ် ဝိပဿနာမင်္ဂလာရိပ်သာ ကျောင်းတိုက် ဆရာတော် ဦးတေဇနိယအား ဥပဇ္ဇျာယ်ပြု၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့သည်။