တစ်ခါတလေ ဒေါသနဲ့ မုန်းတီးတဲ့အတွေးတွေ တွေးတက်တယ်။ ဒေါသနဲ့တွေးတဲ့အခါမှာလည်း မုန်းတာက သက်ရှိအပေါ်မှာ မုန်းတာဖြစ်သလို သက်မဲ့အပေါ်မှာလည်းမုန်းတက်တယ်တဲ့။ ကဲ ဒါဖြင့် သက်ရှိပေါ်မှာ မုန်းတီးစိတ်ပေါ်လာရင် ဘာနဲ့ဖြေရှင်းမလဲ?
မြတ်စွာဘုရားက မေတ္တာပွားလိုက်ပါတဲ့။ သူ့အကျိုးလိုလားတဲ့ စိတ်ကို ထားနိုင်အောင် ကြိုးစားပါတဲ့။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်းဖြင့် ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာ ပူလောင်နေတဲ့ ဗျာပါဒမီးကို ငြိမ်းပါလို့ပြောတာ။ ဒါက သက်ရှိမှာ မေတ္တာထားနိုင်အောင်ကြိုးစားတာ။
မေတ္တာထားဖို့ဆိုတာကလည်း လွယ်တာတော့ မဟုတ်ဘူးနော်။ အမုန်းစိတ်ဆိုတာ ဖျောက်ဖို့တော်တော်ခက်တယ်။ အမုန်းစိတ်ပြင်းထန်လာပြီဆိုရင် မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ နည်းပေးထားတယ်။ မေတ္တာပွားတဲ့။ မေတ္တာပွားလို့မရရင် ကရုဏာထား။ မရရင် ကံကံ၏အကျိုးကို တွေးလိုက်။ သူလည်းသူကံနဲ့သူလာတာ ငါလည်း ငါ့ကံနဲ့ငါလာတာ မုန်းနေရောဘာဖြစ်မှာတုံး။ သူကံကောင်းရင် အကျိုးကြီးပွားမှာပဲ။ သူလည်းသူကံနဲ့သူ ငါလဲငါ့နဲ့ငါလို့ ကံကိုတွေးလိုက်တဲ့။ အဲဒီလိုမှ မရရင် ဘာလုပ်ရမတုံးဆိုတော့ မေ့ပစ်လိုက်တဲ့။ နောက်ဆုံးက မေ့ပစ်လိုက်တဲ့။ ဘယ်နည်းပဲဖြစ်ဖြစ် ပျောက်ဖို့ရာ အဓိက မဟုတ်လား။ ရင်ထဲ နှလုံးထဲမှာ ပူလောင်စေတက်တဲ့ ဒေါသရဲ့ အတွးတွေကိုလည်း အဲဒီ နည်းနဲ့ဖြေဖျောက်ပစ်ရမယ်။
ဒေါက်တာနန္ဒမာလာဘိဝံသ