
မေတ္တာသုတ် အဓိဌာန်
၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။
၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၁၀၈) ခေါက်အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ လျှောက် ထား ခွင့်ပန်ပါ။
၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌ကတိပေး လျှောက်ထားပါ။
၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး နတ်ဗြဟ္မာတို့အား ပရိတ်တရားနာ ကြွပါရန် ဖိတ်ကြားပါ။
၅။ ကရဏီယမတ္ထကုသလေနမှစ၍ မေတ္တသုတ်ပရိတ်တော်ကို စတင် ရွတ်ဖတ် ပူဇော်ပါ။
လိုက်နာ ဆောင်ရွက်ရန် –
နေ့စဉ် (၁၀၈) ခေါက်နှုန်းဖြင့် ရက်ပေါင်း (၁၀၈) ရက်အဓိဋ္ဌာန် ဝင်ရမည် ဖြစ်ပါသည်။ နေ့စဉ် (၁၀၈) ခေါက်ကို ဘုရားရှေ့၌ တစ်ထိုင်တည်း အချိန်မပေးနိုင်ပါကနောက်နေ့မကူးမီ( တစ်နေ့တာအတွင်း ရသော အချိန်များတွင်) ရွတ်ဖတ်ပူဇော်နိုင်ပါသည်။
ဥပမာ-နံက်စောစော ဘုရားရှေ့၌ အနည်းဆုံး (၉) ခေါက် ရွတ်ဆိုပူဇော်ပြီး ကျန်သော အရေအတွက်ကို လမ်းသွားရင်း အလုပ်လုပ်ရင်း ရွတ်ဖတ်နိုင်ပါသည်။ သို့သော် အဆုံးသတ်၊ (၉) ခေါက်ကိုမူ ဘုရားရှေ့၌သာ ရွတ်ဆိုပူဇော်ရန် ဖြစ်ပါသည်။ နေ့စဉ် (၁၀၈) ခေါက် အဓိဋ္ဌာန်အောင်မြင်သွားတိုင်း မေတ္တာပို့ရမည် ဖြစ်ပါသည်။ မေတ္တာပို့သည့်အခါ … မေတ္တာပို့ရမည့် ပုဂ္ဂိုလ်များတွင်အမုန်းဆုံးပုဂ္ဂိုလ်နှင့် အချစ်ဆုံးပုဂ္ဂိုလ်(ရည်းစား၊ခင်ပွန်းဇနီးနှင့် ကွယ်လွန်သူ) တို့ကို နောက်ဆုံးမှသာ မေတ္တာပို့ရပါမည်။